စက်မှုလုပ်ငန်းအင်ဂျင်နီယာဘာသာရပ်

ဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်

          ကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများ၊အလုပ်ရုံများနှင့်ဝန်ဆောင်မှုလုပ်ငန်းများ၏ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ထုတ်လုပ်ခြင်းဆိုင်ရာနည်းစနစ်များ၊ ထုတ်ကုန်အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာများ၊ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအတွက် ဒီဇိုင်းရေးဆွဲခြင်း၊ စက်မှုနည်းပညာဆိုင်ရာလုပ်ငန်းများတွင် လူတို့၏ ပါဝင်ပတ်သတ်မှုများ အနည်းဆုံးဖြစ်အောင် လုပ်ငန်းစဉ်များကို အလိုအလျောက်စနစ်အဖြစ် ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှု တိုးတက်မြင့်မား၍ အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရမည့်လုပ်ငန်းများတွင်လိုအပ်လျက်ရှိသော စက်မှုလုပ်ငန်းအင်ဂျင်နီယာဆိုင်ရာ ကျွမ်းကျင်အတတ်ပညာရှင်များကို ပြုစုပျိုးထောင် မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။ စက်မှုလုပ်ငန်းအင်ဂျင်နီယာ၏ စာသင်ကြားမှုစနစ်အား ဇယားတွင် ဖော်ပြထားပါသည်။

သင်တန်း စာတွေ့ လက်တွေ့ လက်တွေ့ကွင်းဆင်းလေ့လာမှု
ပထမနှစ် ၄၀% ၆၀%  ၁လ
ဒုတိယနှစ် ၄၀% ၆၀% ၁လ
တတိယနှစ် ၄၀% ၆၀% ၃လ

AGTI Courses

စဉ် ဘာသာရပ်  First Semester Code Second Semester Code
၁။ Myanmar M-11011 M-12011
၂။ English E-11011 E-12011
၃။ Engineering Mathematics EM-11011 EM-12011
၄။ Engineering Science ES-11011 ES-12011
၅။ Engineering Mechanics ME-11015 ME-12015
၆။ Basic Technical Drawing ME-11011 ME-12011
၇။ Industrial Safety and Workshop Technology IE-11012 IE-12012
၈။ Principles of Electrical and Electronic Technology IE-11011 IE-12011
စဉ် ဘာသာရပ်  First Semester Code Second Semester Code
၁။ English E-21011 E-22011
၂။ Engineering Mathematics EM-21021 EM-22021
၃။ Computer Aided Design IE-21013 IE-22013
၄။ Control Engineering IE-21013 IE-22013
၅။ Theory of Machines ME-21015 ME-22015
၆။ Industrial Wiring and Installation and Motor Control IE-21011 IE-22011
၇။ Digital Electronics EcE-21022 EcE-22022
၈။ Industrial Field Trip    
စဉ် ဘာသာရပ်  First Semester Code Second Semester Code
၁။ English E-31011 E-32011
၂။ Operational Management IE-31018 IE-32018
၃။ Programmable Logic Controllers IE-31021 IE-32021
၄။ Computer Numerical Control (CNC) IE-31022 IE-32022
၅။ Industrial Automation    
၆။ Industrial Field Trip    

အလုပ်အကိုင်နှင့်အခွင့်အလမ်းများ

  • Manufacturing Industry၊ Automotive Industry၊ Heavy Machinery Industry များ၊ Oil and Gas Industry၊ Agricultural Machinery Industry၊ ဒီဇိုင်းရေးဆွဲဖန်တီးထုတ်လုပ်သော လုပ်ငန်းများ၊ Project management နှင့် Maintenance Engineering တို့တွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်သည်။
  • အရည်အချင်းပြည့်မှီသူများအတွက် နည်းပညာတက္ကသိုလ်များ သို့ ပေါင်းကူး ပညာသင်ကြားနိုင်သည်။
  • နှစ်စဉ်ပြည်ပနိုင်ငံများမှ TVET Scholarship Programs များကိုလည်း လျှောက်ထားရရှိနိုင်သည်။