ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် နှစ်စဉ် ကျင်းပပေးလျက်ရှိသော ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲ ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) စုဝေးခန်းမ ၌ ကျင်းပသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး (ပြင်ဦးလွင်) မှ တာဝန်ရှိသူ တစ်ဦး က ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆွေးနွေးဟောပြော ပြီး ၊ ကျောင်းအုပ်ကြီး ဒေါက်တာ ဝင်းထိုက်အောင် နှင့် ဆရာ၊ ဆရာမ များ ၊ ပထနှစ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပါသည်။

အခမ်းအနား အပြီး တွင် အသက် (၁၈)နှစ် ပြည့်ပြီး သော ကျောင်းသားကျောင်းသူများ အား မော်တော်ယာဉ် သင်မောင်း လိုင်စင်များ ပြုလုပ်ဆောင်ရွက်ပေးပါခဲ့သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်