လူငယ်စကားဝိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)  ကျောင်းအုပ်ကြီး ဒေါက်တာဝင်းထိုက်အောင်က လူငယ်များတွင် အနာဂတ် စိတ်ကူးစိတ်သန်းများ၊ အိပ်မက်များ၊ မျှော်လင့်ချက်များကိုယ်စီရှိကြပြီး လက်တွေ့အကောင်အထည် ဖော်နိုင်ရန် စာအုပ်စာစောင်များ ဖတ်ရှုခြင်း၊ အတွေ့အကြုံရှိသူများကို မေးမြန်းခြင်းမှတစ်ဆင့် ဗဟုသုတများ တိုးပွား ရရှိနိုင်သကဲ့သို့ လူငယ်အချင်းချင်း တိုင်ပင်ဆွေးနွေးခြင်းမှလည်း ရရှိနိုင်ပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်နိုင်ရန်အတွက် အောက်ခြေခိုင် ဖို့လိုကြောင်း၊ ခေတ်ရေစီးတွင် ခေတ်မီသူများအဖြစ် ခေတ်နှင့်အညီ အမှီလိုက်နိုင်ရန် လိုကြောင်း၊ မိမိတို့သွားချင်သည့် အနာဂတ်ပန်းတိုင်ကို တည့်တည့်မတ်မတ်သွားနိုင်ရန်နှင့် ပန်းတိုင် မရောက်ခင် နစ်မွန်းမသွားစေရေး မိမိကိုယ်မိမိတန်ဖိုးရှိသည့်လူသားများ ဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြစေလိုကြောင်း ၊ အရာရာတွင် အမှန်အမှား အကောင်းအဆိုး ကို မိမိတို့ကိုယ်ပိုင် အသိဉာဏ်ဖြင့် စိစစ်ချင့်ချိန်နိုင်သည့် လူငယ်များဖြစ်စေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

သတင်းအပြည့်အစုံကြည့်ရန်

Leave a Reply

Your email address will not be published. Required fields are marked *