လ - နိုဝင်ဘာ 2020

ကျောင်းတည်နေရာအကျယ်အဝန်းနှင့် သမိုင်းကြောင်း

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊ မဟာဗန္ဓုလလမ်း နှင့် မြို့ပတ်လမ်းဆုံတွင် တည်ရှိပါသည်။အကျယ်အဝန်းမှာ (၁၉.၃) ဧက ရှိပါသည်။ စက်မှုလက်မှုအထက်တန်းကျောင်းပြင်ဦးလွင်အဖြစ်(၁၉၆၇-၁၉၉၈)အထိ ဖွင့်လှစ်ခဲ့ပါသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)အဖြစ် (၁၉၉၈-၂၀၀၆) အထိပြောင်းလဲဖွင့်လှစ်ခဲ့ပြီး  စက်မှုဆရာဖြစ်သင်တန်း 1st Batch & 2nd  Batch နှင့်   စံပြအင်ဂျင်နီယာသင်တန်းပထမနှစ်များကိုသင်ကြားပေးခဲ့ပါသည်။ အစိုးရစက်မှု လက်မှုသိပ္ပံ(ပြင်ဦးလွင်)အဖြစ် ၂၀၁၇ ဒီဇင်ဘာတွင်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ကျောင်းသင်္ကြန်ပွဲ (၂၀၁၉-၂၀၂၀)

အားလုံးစောင့်မျှော်နေတဲ့ GTI (Pyin Oo Lwin)ရဲ​့ သင်္ကြန် အကြို အတာရေသဘင်ပွဲကြီးကိုတော့ ၉.၃.၂၀၂၀(တနင်္လာ) နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ် ထိုပွဲကြီးမှာ နာမည်ကျော် DJ Artist တွေလဲ ဖျော်ဖြေသွားမှာဖြစ်ပါတယ် ဘယ်သူတွေဖြစ်မလဲ ဆိုတာကိုတော့ ညရောက်ရင် ဒီ page ကနေပဲ တင်ပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်ကြည့်ဖို့မမေ့နဲ့နော်

ကျောင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်နှင့်ရည်မှန်းချက်

နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးသို့ တက်ရောက်လိုသူများ (မသန်စွမ်းသူများ၊ အခွင့်အလမ်း နည်းပါးသောသူများ စသည်တို့အပါအ၀င်) သင်ယူနိုင်သော အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန်။  လုပ်သားဈေးကွက်၏ လိုအင် နှင့် လိုက်လျောညီထွေရှိသည့် သက်မွေးပညာ သင်တန်းများကို သင်ကြားပေးနိုင်မည့် လေ့ကျင့်ရေးအဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်ရန်။ အမျိုးသားပညာရေး မဟာဗျူဟာကျ စီမံကိန်း (၂၀၁၆-၂၀၂၁) ရည်မှန်းချက်ပန်းတိုင်နှင့်အညီ နည်းပညာနှင့် သက်မွေးပညာရပ်များကို National Skill Level အလိုက်…