က​ဏ္ဍ​ - ကျောင်းသားကျောင်းသူများ၏လှုပ်ရှားမှုများ

စာမေးပွဲကျင်းပ ပြီးစီး

အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) ၂၀၂၂-၂၃ ပညာသင်နှစ် အတန်းတင်စာမေးပွဲများ နှင့် ၂၀၂၃ -၂၀၂၄ ပထမ နှစ်ဝက် စာမေးပွဲ များကို ၂-၁၀-၂၀၂၃ မှ ၁၂-၁၀-၂၀၂၃ အထိ ကျင်းပခဲ့ပါသည်။

ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် နှစ်စဉ် ကျင်းပပေးလျက်ရှိသော ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲ ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) စုဝေးခန်းမ ၌ ကျင်းပသည်။ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး (ပြင်ဦးလွင်) မှ တာဝန်ရှိသူ တစ်ဦး က…

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပ

လူငယ်စကားဝိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)  ကျောင်းအုပ်ကြီး ဒေါက်တာဝင်းထိုက်အောင်က လူငယ်များတွင် အနာဂတ် စိတ်ကူးစိတ်သန်းများ၊ အိပ်မက်များ၊ မျှော်လင့်ချက်များကိုယ်စီရှိကြပြီး လက်တွေ့အကောင်အထည် ဖော်နိုင်ရန် စာအုပ်စာစောင်များ ဖတ်ရှုခြင်း၊ အတွေ့အကြုံရှိသူများကို မေးမြန်းခြင်းမှတစ်ဆင့် ဗဟုသုတများ တိုးပွား ရရှိနိုင်သကဲ့သို့ လူငယ်အချင်းချင်း တိုင်ပင်ဆွေးနွေးခြင်းမှလည်း ရရှိနိုင်ပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်နိုင်ရန်အတွက် အောက်ခြေခိုင် ဖို့လိုကြောင်း၊ ခေတ်ရေစီးတွင် ခေတ်မီသူများအဖြစ် ခေတ်နှင့်အညီ အမှီလိုက်နိုင်ရန်…

အားကစားပွဲများ

(၂၀၂၂-၂၀၂၃)ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများ၏ အားကစားပြိုင်ပွဲများ (၂၀၁၈-၂၀၁၉)ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများ၏ ဘောလုံးပြိုင်ပွဲများ

ကျောင်းတည်နေရာအကျယ်အဝန်းနှင့် သမိုင်းကြောင်း

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊ မဟာဗန္ဓုလလမ်း နှင့် မြို့ပတ်လမ်းဆုံတွင် တည်ရှိပါသည်။အကျယ်အဝန်းမှာ (၁၉.၃) ဧက ရှိပါသည်။ စက်မှုလက်မှုအထက်တန်းကျောင်းပြင်ဦးလွင်အဖြစ်(၁၉၆၇-၁၉၉၈)အထိ ဖွင့်လှစ်ခဲ့ပါသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)အဖြစ် (၁၉၉၈-၂၀၀၆) အထိပြောင်းလဲဖွင့်လှစ်ခဲ့ပြီး  စက်မှုဆရာဖြစ်သင်တန်း 1st Batch & 2nd  Batch နှင့်   စံပြအင်ဂျင်နီယာသင်တန်းပထမနှစ်များကိုသင်ကြားပေးခဲ့ပါသည်။ အစိုးရစက်မှု လက်မှုသိပ္ပံ(ပြင်ဦးလွင်)အဖြစ် ၂၀၁၇ ဒီဇင်ဘာတွင်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ကျောင်းသင်္ကြန်ပွဲ (၂၀၁၉-၂၀၂၀)

အားလုံးစောင့်မျှော်နေတဲ့ GTI (Pyin Oo Lwin)ရဲ​့ သင်္ကြန် အကြို အတာရေသဘင်ပွဲကြီးကိုတော့ ၉.၃.၂၀၂၀(တနင်္လာ) နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ် ထိုပွဲကြီးမှာ နာမည်ကျော် DJ Artist တွေလဲ ဖျော်ဖြေသွားမှာဖြစ်ပါတယ် ဘယ်သူတွေဖြစ်မလဲ ဆိုတာကိုတော့ ညရောက်ရင် ဒီ page ကနေပဲ တင်ပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်ကြည့်ဖို့မမေ့နဲ့နော်