စာရေးသူ - gti pyinoolwin

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒီဇင်ဘာဝင်ခွင့်ရသူများ ကျောင်းအချိန်မှီအပ်နှံကြပါရန် အကြောင်းကြားခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) သို့ ၂၀၂၂-၂၃ ပညာသင်နှစ် ဒီဇင်ဘာ ဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူ (၂၁၇)ဦး စာရင်းအား (၃၀-၁၁-၂၀၂၂) တွင် ထုတ်ပြန်ကြေငြာပြီးဖြစ်ပါသည်။ ဝင်ခွင့်ရကျောင်းသား‌၊ ကျောင်းသူများ သည် ၁-၁၂-၂၀၂၂ မှ စတင်၍ ကျောင်းအပ်နှံနိုင်ပြီး ၊ ကျောင်း စတင် တက်ရောက်နေကြပြီ ဖြစ်ပါသည်။ ကျောင်းအပ်ရန် နောက်‌ဆုံးသတ်မှတ်ရက်မှာ ၂၁-၁၂-၂၀၂၂ ဖြစ်ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့၊ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် စုစုပေါင်း (၆၀)ခုတွင် ဘွဲ့သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများ စနစ်တကျဖြစ်စေရေး၊…

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် အစိုးရစက်မှု လက်မှုသိပ္ပံ(ပြင်ဦးလွင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနတာဝန်ခံများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံခဲ့၍ ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှု ဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ…

အားကစားပွဲများ

(၂၀၂၂-၂၀၂၃)ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများ၏ အားကစားပြိုင်ပွဲများ (၂၀၁၈-၂၀၁၉)ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများ၏ ဘောလုံးပြိုင်ပွဲများ

ကျောင်းဝင်ခွင့်အချက်အလက်များ

အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဉီးလွင်) သို့ ဝင်ခွင့်လျှောက်ထားရာတွင် ယူဆောင်လာရမည့် အချက်အလက်များ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းမူရင်း အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ကျေးရွာ/ ရပ်ကွက် ‌ထောက်ခံချက် မူရင်း မြို့နယ် ရဲစခန်း ထောက်ခံချက် မူရင်း ကျန်းမာရေးကောင်းမွန်‌ကြောင်း ဆေးထောက်ခံစာ မူရင်း ကျောင်းသား / သူ နှင့် မိဘ နှစ် ဦး မှတ်ပုံတင် မိတ္တူ…